Causality and Light cone

Causality and Light cone

Causality ဆိုတာက အကြောင်းကြောင့် အကျိုးဖြစ်တဲ့ ကြောင်းကျိုး ဆက်နွယ်မှု အကြောင်းပါ လောကမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်နေကြပါတယ် လူတွေ က တိရိစ္ဆာန် နဲ့ မတူတဲ့ အချက်က တခုခု ဖြစ်လာတိုင်း ဒီ အရာ မှာ အကြောင်းတရားရှိကြောင်းနဲ့ အဲ့ အကြောင်းတရားကို ရှာတာပါ တခုခုလုပ်တိုင်းမှာလည်း အကျိုးဆက်ရှိကြောင်းနဲ့ ဒီအကျိုးဆက်ကို ခန့်မှန်းနိုင်ကြတာပါပဲ နေဟာအရှေ့က ထွက်ပြီး အနောက်ကဝင်တယ် အကြောင်းရှိရမယ် ဂရိ တွေက နေနတ်သားက နေလုံးကိုတွန်း ရွှေ့နေလို့လို့အကြောင်းပြတယ် သိပ္ပံ ထွန်းကားလာတော့ ကမ္ဘာက နေကိုပါတ်နေလို့ ဆိုပြီး အကြောင်းတရားကို သိလာတယ် ဒီတော့ကြောင်းကျိုးတရားဟာ လူတွေရဲ့ တွေးခေါ်မှုမှာ အခြေခံကျလွန်းတော့ သူ့ရဲ့ ကန့်သတ်ချက်ကို မှားလားမှန်လား တောင်
မေးခွန်း မထုတ်ကြတဲ့အထိ နေ့စဉ်ဘဝမှာ ပါဝင်လာတဲ့ အရာပါ ပြောရရင် ဒါဟာ axiom တခုလိုတောင်ဖြစ်နေပါပြီ ကံ၊ကံရဲ့ အကျိုး လို့သိကြတဲ့ ကမ္မဝါဒ (အင်္ဂလိပ်လိုတော့ Karmic Law ပါ ) ဟာ လည်း ကြောင်းကျိုးဝါဒ ပါပဲ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ် ဆိုးတာလုပ်ရင် ဆိုးတာ ဖြစ်မယ်ဆိုတာဟာ တခုခုဖြစ်တိုင်း အကြောင်းတရား ရှိကြောင်းနဲ့ တခုခုလုပ်တိုင်း အကျိုးတရားတခု ဖြစ်နိုင်တယ်ဆိုတာကို ပြနေတာပါ ဒါပေမဲ့ သူ့မှာ ကောင်း/ဆိုး စတဲ့ နာမဝိသေသန တွေ ပါပါတယ် ဒီတော့ သူက causality ကို set တခု အနေနဲ့ မြင်ကြည့်ရင် ကမ္မဝါဒ ဟာ ဒါရဲ့ subset တခုပါ ဒီမှာ ကြုံလို့ ပြောရရင် ဗုဒ္ဓဝါဒ မှာပါတဲ့ ကမ္မဝါဒ ဟာ ဗုဒ္ဓခေတ်မတိုင်ခင် ထဲက အိန္ဒိယရဲ့ ဟိန္ဒူဝါဒ မှာရှိပါတယ် ဗုဒ္ဓက ဒီဝါဒကို မှန်လို့ ဆက်လက်ခံကျင့်သုံးခဲ့တာပါ ဒီခေတ်အခါကအိန္ဒိယမှာ အတ္တဝါဒ ဂိုဏ်း ၆ ဂိုဏ်း နဲ့ အနတ္တဝါဒ ၃ဂိုဏ်းရှိခဲ့ပါတယ် စုစုပေါင်း၉ခု ပေါ့ ဗုဒ္ဓဝါဒ ဟာ ဒီထဲက တခုပါ ဒါက ဗဟုသုတ အဖြစ်ပါ ဆက်ပြောရရင် သိပ္ပံကလည်း ကော်စယ်လတီ ကို လက်ခံပါတယ် ဒါပေမဲ့ သူ့ရဲ့ defining set ကို သိဖို့တော့ အတော်အားထုတ်ခဲ့ရပါတယ် လက်ရှိမှာ ဒါကို အကောင်းဆုံး define လုပ်နိုင်တာက light cone ခေါ်တဲ့ အလင်း ကတော့ပါ ကဲဒါဆို မေးခွန်းက အလင်းကန်တော့ ဆိုတာဘာလဲ? အိုင်းစတိုင်းဟာ special relativity အားဖြင့် လိုက်ကုန်းကို စတင်ခဲ့ပါတယ် ဒါက ထူးရှယ်နှိုင်းယျ သီဝရီရဲ့ သင်္ချာပါပဲ ဒီမှာ ပြောထားတဲ့ ပထမပေါ့စကျူလိတ်က စကြာဝဋ္ဌာမှာ အလင်းဟာ အမြန်ဆုံးဖြစ်ပြီး သူဟာကိန်းသေပါ ဒါရဲ့အကျိုးရလာဒ်က ဘယ်ဟာမှ ဒါထက်မြန်အောင် မသွားနိုင်တာပါဒီထဲမှာ အကြောင်းတရားတွေရဲ့ အကျိုးပေါ်လွှမ်းမိုးမှုလည်းပါပါ တယ် အကြောင်းပဲဖြစ်ဖြစ် အကျိုးပဲဖြစ်ဖြစ် ဒါတွေကို အဖြစ်အပျက် event လို့ ခေါ်ပါတယ် Eလို့ ခေါ်ပါမယ်။ အီးဟာ မင်ကောစကီး space ပေါ်က point တခုပါ အမှတ်စက်တခုပေါ့ မင်ကောစကီးစပေ့ ဆိုတာက အချိန်နဲ့နေရာရဲ့ အမှတ်များနဲ့ပြည့်နေတဲ့ မကွေးတဲ့ ပြန့်တဲ့မျက်နှာပြင်ပေါ့ လွယ်လွယ်ပြောရရင်တော့ သင်က မီးလုံးလေးတလုံးကို ခလုတ်ဖွင့်ပြီး ထွန်းလိုက်မယ် မီးလင်းလာပြီ ဒီအလင်းဟာ တခုသောနေရာ တခုသော အချိန်မှာဖြစ်တာပါ ဒါဟာအဖြစ်အပျက် E ပဲပေါ့  ဒီ Eက ထွက်တဲ့ အလင်းဟာ တခြားနေရာကို တခြားအချိန်မှာ ရောက်ရပါမယ် ဒါကို အကျိုးတရားလို့ သင် ဆန္ဒရှိရင်ခေါ်နိုင်ပါတယ် အလင်းဟာ အမြန်ဆုံးဖြစ်ပြီး ကိန်းသေလည်း ဖြစ်တယ်ဆိုတဲ့ အချက်က ကြောင်းကျိုး ဆက်နွယ်မှုမှန်သမျှဟာ အလင်းအလျင် c ထက် မမြန်နိုင်တာ တနည်း causality မှာ boundary ရှိတာကို ပြောတာပါ ဒီ နယ်ခြားစည်းကို အလင်းအားဖြင့်သတ်မှတ်လို့ ရပါတယ် ဒါကို အလင်းကန်တော့ လို့ ခေါ်ပါတယ်အောက်မှာ ပုံပြထားပါတယ် ကျနော်တို့ နေထိုင်ရာ စကြာဝဋ္ဌာဟာ နေရာမှာ ၃ ဒိုင်မင်းရှင်း ရှိပြီး အချိန်မှာ ၁ ဒိုင်မင်းရှင်းရှိပါတယ် ဒါပေမဲ့ ဒါက ပုံဖော်ကြည့်လို့ ခက်လို့ နေရာ မှာ ၂ဒိုင်မင်းရှင်းရှိတဲ့ မျက်နှာပြင်နဲ့ ပြောကြရအောင်ပါ ပုံရဲ့ထိပ်ခြင်းဆက် ကန်တော့ ပုံ ၂ခုကြားက လေးထောင့်ပုံ မျက်နှာပြင်ဟာ စကြာဝဋ္ဌာရဲ့ အချိန်တခု မှာရှိတဲ့ နေရာအားလုံးကို ကိုယ်စားပြုပါတယ် ဒီမှာ မီးဖွင့်လို့ အလင်းထွက်လာတဲ့ အဖြစ်အပျက် E က ကန်တော့ပုံရဲ့ထိပ်နေရာက အမှတ်ဆိုပါတော့ E ကထွက်တဲ့ အလင်းဟာ ၂ ဒိုင်မင်းရှင်း မျက်နှာပြင်ပေါ်မှာ ပါတ်ပါတ်လည်ကို ထွက်တဲ့ အတွက် စက်ဝိုင်းပါ ဒါပေမဲ့ အချိန်နဲ့အမျှ အလင်းဟာ ပြန့်နေမှာဖြစ်တဲ့အတွက် စက်ဝိုင်းဟာ ကြီးကြီးလာမှာပါ ဒါကို အချိန်ပါထည့်ရင် အချိန်က ဒေါင်လိုက် မျဉ်းပါ ဒီတော့ အလင်းရဲ့ လမ်းကြောင်းဟာ ကန်တော့ ပုံ ရပါမယ် အပေါ်က ကန်တော့ကို future light cone လို့ ခေါ်ပါတယ် အောက်က past Light cone ပါ အပေါ်က အရာ ဟာ အနာဂါတ်အလင်းကန်တော့ ဘာလို့ ဖြစ်ရလဲဆိုရင် အဖြစ်အပျက် အီးရဲ့ အကျိုးဆက်မှန်သမျှဟာ ဒီကန်တော့ ထဲနဲ့ ကန်တော့ ရဲ့ မျက်နှာပြင်မှာ ရှိလို့ပါ တနည်းအားဖြင့် အီးကြောင့် ဖြစ်သမျှအကျိုး အားလုံးရဲ့ အစု the set of effects caused by E ပေါ့ အတိတ်အလင်းကန်တော့ ကတော့ ဒီထဲမှာရှိသမျှ အဖြစ်အပျက်အားလုံးဟာ အီးကို လာသက်ရောက်တယ်ပေါ့အီးက အကျိုးတရားဆိုရင် အတိတ်အလင်းကန်တော့ဟာအီးကိုဖြစ်စေတဲ့ လွှမ်းမိုးတဲ့ အကြောင်းတရာအားလုံးရဲ့ အစုပေါ့ the set of causes which influence E ပါ ကန်တော့ရဲ့ အပြင်က အရာမှန်သမျှဟာ E ကို မဖြစ်စေသလို E ကလည်းမလွှမ်းမိုးနိုင်ပါဘူး ဒီတော့ ကြောင်းကျိုးဖြစ်စဉ်မှာကန့်သတ်ချက် ရှိပါတယ် ဒါကတော့ အလင်းကန်တော့ပါပဲသဘာဝမှာဖြစ်ပျက်သမျှဖြစ်စဉ် အားလုံးကို မင်ကောစကီးစပေ့မှာ တင်ရင် မျဉ်းကွေးတခုရပါမယ် ဒီမျဉ်းကွေးမှန်သမျှဟာ အလင်းကန်တော့ထဲမှာပဲ ရှိရပါမယ် ဒါက ထူးရှယ်နှိုင်းယျက ကျနော်တို့ကို သင်ကြားပေးခဲ့တာပါ သင်ဟာ လသာတဲ့ ညကောင်းကင်ကို မော့ကြည့်မိတယ်ဆိုပါတော့ သင်ထင်တာက သင်ကြည့်နေချိန်မှာ ရှိတဲ့ ကြယ်တွေ ကို သင်မြင်နေရတာလို့ ထင်မိပါလိမ့်မယ် တကယ်တော့ သင်ကြည့်နေချိန်မှာရှိတဲ့ ကြယ်တွေဟာ သင့်အလင်းကန်တော့ ရဲ့ အပြင်မှာရှိနေတာပါ သင်မြင်နေရတာက အတိတ်ကကြယ်တွေပါ တနည်း အတိတ်အလင်းကန်တော့ထဲက အရာတွေကို သင်မြင်နေရတာပါကြယ်တွေဟာ သင့်ဆီအလင်းရောက်ဖို့ သင်မြင်ရဖို့ နှစ်သန်းထောင်ချီလာခဲ့ ရပါတယ် ဒီတော့ သင်ဟာကောင်းကင်ကို ကြညိ့တယ်ဆိုတာနှစ်သန်းထောင်ချီက အတိတ်ကို ပြန်ကြည့်နေတာပါပဲ နေကို သင်မြင်ချိန်မှာ ၈မိနစ်ကြာခဲ့ပါပြီ သင်ဟာ လွန်ခဲ့တဲ့ ရှစ်မိနစ်က နေကိုသာ မြင်ရတာပါခုလက်ရှိနေကို မြင်ရဖို့သင်နောက်ထပ် ရှစ်မိနစ် စောင့်ရပါလိမ့်မယ်သင့်ဘေးက တွတ်တီတွတ်တာ ချွဲနွဲ့ တဲ့ ချစ်သူဟာ တကယ်တော့ စက္ကန့်ရဲ့ အပုံပေါင်းများစွာပုံ တပုံပမာဏရှိတဲ့ အတိတ်က ချစ်သူပါ ပြောရရင် ပစ္စုပ္ပန်ဟာ ဖမ်းဆုပ်လို့ မရတဲ့ အရာတခုလို့ အလင်းကန်တော့ ကဆိုနေတာပါပဲယေဘူယျနှိုင်းယျ မှာတော့ ဒြပ်ဆွဲအားဟာ အလင်းကန်တော့ကို စောင်းရွဲ့သွားစေပါတယ် ဒါကြောင့် တွင်းနက်တွေမှာ အချိန်ဟာ ရပ်တန့်ရတာပါပဲ။

            Wai Yan Myo Htet (Emstarham)




Comments